Miss you

^_^

Friday, March 29, 2013


♥ အချစ် ♥
ဘယ်သူမှမလွန်ဆန်နိုင်တဲ့အရာတစ်ခု

လူတစ်ယောက်ရဲ့ရင်ဘတ်ထဲကို
ဝင်စေဆိုပြီး အမိန့်ပေးလို့မရသလို
ဝင်မလာနဲ့ဆိုပြီး တားလို့မရတဲ့အရာလေ

ရင်ဘတ်ထဲကိုရောက်လာပြီဆိုရင်လဲ
သူကငြိမ်ငြိမ်လေးနေတယ်ထင်လို့လား

မဖြစ်နိုင်ဘူးဆိုတဲ့ ဦးနှောက်ကိုလွန်ဆန်
နှလုံးသားကို အမိန့်ပေးပြီး
အခြားတစ်ဖက်ကအမုန်းပေးရင်တောင်
အပြုံးလေးနဲ့လက်ခံယူနိုင်သေးတာ

အဲ ရင်ဘတ်ခြင်းတူရင်တော့ အတိုင်းထက်အလွန်ပေါ့
အချစ်က ဟန်ဆောင်လို့မရဘူး ♥

~ အလွမ်း ~
ဘယ်သူမှမလွန်ဆန်နိုင်တဲ့နောက်ထပ်အရာတစ်ခု

လူတစ်ယောက်ရဲ့ရင်ဘတ်ထဲကိုဝင်လာပြီဆိုတာနဲ့
အရှုံးတွေကိုဖန်တီးပေးဖို့ကြိုးစားနေတဲ့အရာလေ

တိုက်ဆိုင်မှုဆိုတဲ့ပိုလွမ်းစေမယ့်အရာတွေကို
ခဏခဏဖန်ဆင်းအလွမ်းကိုပီပြင်အောင်
အဆုံးထိတွန်းပို့တတ်သေးတာ

အဲ အလွမ်းချင်းတူရင်တော့အတိုင်းထက်အလွန်ပေါ့
အလွမ်းက ဟန်ဆောင်လို့ရတယ် :'(

အချစ်ဖြစ်ထွန်းနေသရွေ့ အလွမ်းကနေခဲ့မယ်ထင်လို့လား
ကမ္ဘာပေါ်မှာ နင့်အပြင်မရှိပါဘူးဆိုတဲ့
အချစ်တွေပုံအောပေးပြီးမှတော့
'ငါ့ကိုမလွမ်းဘူးနော်'ဆိုတဲ့ စွဲချက်က
အသည်းထိအောင်နာတယ်ဟာ

မဆုံနိုင်သေးတဲ့ အခြေအနေမှာ
ဆုံနိုင်ဖို့ကြိုးစားနေတာခြင်းတူတူမို့
ယုံကြည်မှုဆိုတဲ့ နားလည်မှုလေးထားပြီး
လွမ်းရင်တောင်မြိုသိပ် တစ်ချိန်မှာအတိုးချချစ်နိုင်ဖို့
ငါတို့မလွမ်းသလိုဟန်ဆောင်ရအောင်...:'


✵✵ နင်များ ငါကို တချိန် ထားသွားခဲ့ရင်ဆိုတဲ့
စိတ်နဲ့ တခါတလေ ငါအတွေးတွေ နယ်လွန်ခဲ့တယ်
✵✵ နင်နဲ့ နီးခွင့်မရရင်ဆိုတဲ့ အတွေးတွေနဲ့
ငါကြောက်လန့်နေတတ်တယ်
✵✵ နင်ကိုသတိရတိုင်း ငါမျက်ဝန်းက
မျက်ရည်မိုးတွေရွာနေတတ်တယ်
✵✵ ဒါတွေအားလုံးကို ဖယ်ရှာပေးနိုင်ခဲ့တာက
နင်အပြုံးလေး တချက်မြင်လိုက်တာနဲ့ အရာရာကို
မေ့သွားလောက်အောင် ကလေးတစ်ယောက်လို
ငါပျော်နေတတ်တယ်လေ
ချစ်သူ ဒီနေ့အတွက် ပျော်ရွှင်စရာနေ့လေး
ဖြစ်ပါစေ~~♥+♥=♥

Sunday, March 3, 2013

နင် ငါ့ကို မေးတယ်လေ ဘယ်လောက်ချစ်လဲလို့ 
နင်မေးတဲ့ အချိန်တိုင်း ငါဖြေလိုက်တယ် အရမ်းချစ်တယ်ဆိုတဲ့
စကားလုံးထက် ငါ့အချစ်ကိုဖော်ပြလို့ ရတဲ့စကာလုံးသာရှိခဲ့မယ်ဆိုရင်
အဲ့လောက်ချစ်တယ်လို့ လေ.........


နင် ငါ့ကိုမေးတယ်လေ ဘာကြောင့်ချစ်တာလဲလို့ 
နင်မေးတဲ့ အချိန်တိုင်းဖြေခဲ့ဖူးတယ် ငါ့အတွက် နင်ဆိုတာ
ဘာအကြောင်းပြချက်မှ ပြောပြစရာမလိုအပ်ပဲ အကြောင်းပြချက်မရှိ ချစ်တာလို့ လေ........


နင် ငါ့ကိုမေးတယ်လေ ဘယ်အချိန်ထိ ချစ်မှာလဲလို့ 
နင်မေးတဲ့ အချိန်တိုင်း ငါဖြေခဲ့တယ် ငါဆိုတာရှိနေသေးသရွေ့ချစ်
အုံးနေမယ်...နောက်ဘ၀မှာ ဆုံစည်းခွင့်တွေရခဲ့မယ်ဆိုရင်လဲ နင့်ကို
ခုလိုပဲ ချစ်နေချင်သေးပါတယ်လို့ လေ.........


နင်တစ်ယောက်ထဲသာ ငါ့ အတွက်အလိုအပ်ဆုံးနဲ့  ငါ့ဘ၀ကို ပျော်ရွှင်အောင်ဖန်တီးပေးနိုင်တဲ့သူပါ......ငါ့ အချစ်တွေက အမြဲတမ်း နင့်တစ်ယောက်အတွက်ပဲ ထာဝရရှိနေမယ်ဆိုတာ ယုံကြည်ပေးပါနော်ချစ်သူ.........