Miss you

^_^

Tuesday, October 1, 2013

တကယ်ချစ်မိသွားကြရင်
++++++++++++++

အကြောင်းပြချက်မရှိပဲနဲ့အလိုလို
ကြည့်ရင်းနဲ့လှနေတတ်ပါတယ်..

သူ့နဲ့ပတ်သက်လာရင်အသေး
မွှားလေးကအစ ဂရုစိုက်နေ
တတ်ပါတယ်...

သူ့အကြောင်းတွေးနေရင်းနဲ့
အလိုလိုရင်ထဲမှာနွေးလာတတ်ပါ
တယ်...

အချိန်တိုင်းစိတ်ပူနေတတ်ပါ
တယ်...
(ဒီအချိန်သူဘာများလုပ်နေမလဲ)

သူအရေးပေးတဲ့လူဟာကိုယ်ပဲ
ဖြစ်ချင်နေတတ်ပါတယ်...

သဝန်တိုမှုလေးတွေများလာပြီး
စိတ်ကောက်မှုလေးတွေများလာ
တတ်ပါတယ်...

တစ်ခါတစ်လေသူ့ကြောင့်
ဝမ်းနည်းနေရတာတောင်သူ့ကို
မသိခိုင်းစေပဲတိတ်တိတ်လေး
မျက်ရည်ကျနေတတ်ပါတယ်...

သူ့အတွက်ဆိုရင်ဘာမဆို
ပေးဆပ်ရဲတယ်ဆိုတဲ့ခံစားချက်
မျိုးတွေခံစားနေတတ်ကြပါတယ်


 ဟုတ်တယ်မလား သူငယ်ချင်းတို့ .....ရေ...



မြတ်နိုးခြင်းကိုအစပြုချစ်ခြင်းနဲ့သန္ဓေတည်သံယောဇဉ်တွေနဲ့အထပ်ထပ်ချည်နှောင်ထားတဲ့ချစ်ခြင်းမှာအပြစ်ကင်းပါတယ်

တကယ်ချစ်မြတ်နိုးတဲ့ချစ်သူတွေကြားမှာ
အနိုင်အရှုံးဆိုတဲ့ပြိုင်ဆိုင်မူ့မရှိဘူး
အရှုံးအမြတ်ဆိုတဲ့တွက်ချက်မူ့မရှိဘူးနှလုံးသားရဲ့အလိုကျချစ်လို့ပဲချစ်ကြတာပါ

အဲလိုချစ်ကြတဲ့ချစ်သူတွေဟာအချစ်အတွက်ဘယ်တော့မှမရှုံးနှိမ့်ဘူးဘာလို့လဲဆိုတော့တယောက်ကိုတယောက်ကနားလည်ပေးပြီးအနိုင်ယူဖို့တခါမှာမတွေးခဲ့ကြလို့လေ

ချစ်ခြင်းဖွဲ့တည်
မေတ္တာရည်၍
ကြင်နာမြတ်နိုး
စပိုးတိုးကာ
စောင့်သိစ္စာ
မှန်ကန်စွာဖြင့်
ချစ်သူလက်တို့မြဲကြပါစေ

ချစ်တတ်သူတို့ပျော်ပါစေ


Saturday, August 24, 2013

အကြောင်းအမျိုးမျိုးကြောင့် ငါတို့ တွေဝေးနေရတဲ့အချိန်
အကြောင်းအမျိုးမျိုးကြောင့် တွေးမိလိုက်တဲ့ အတွေးလေးတွေက မှားယွင်းမှုလေးတွေရှိနေကြပီး ..စိတ်ဆိုးဒေါသထွက်ပီးရင် အခုလိုပဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်အားပေး နှစ်သိမ့်ရင်း ဆုံတွေ့ ခွင့်ရမဲ့ နေ့ ရက်လေးအထိ သစ္စာရှိရှိနဲ့ ချစ်သွားကြမယ်နော် ချစ်သူ..........အိုကေ...

Thursday, August 22, 2013

တစ်ကယ်ချစ်ကြတဲ့အခါ....... 
တစ်ကယ်ချစ်ကြတဲ့အခါ မာနဆိုတာဘာလို့ထားနေအုံးမှာလဲ...
 တစ်ကယ်ချစ်ကြတဲ့အခါ ဥပက္ခာမှုဆိုတာဘာလို့ပေးနေမှာလဲ...
တစ်ကယ်ချစ်ကြတဲ့အခါ နားလည်မှုဆိုတာဘာလို့မရှိရမှာလဲ...
တစ်ကယ်ချစ်ကြတဲ့အခါ တန်ဖိုးထားမှုဆိုတာဘာလို့မပေးနိုင်ရမှာလဲ...
တစ်ကယ်ချစ်ကြတဲ့အခါ တစ်ဘ၀လုံးမှာဘာလို့သူ့တစ်ယောက်တည်းကိုပဲ မရွေးချယ်နိုင်ရမှာလဲ...
တစ်ကယ်ချစ်ကြတဲ့အခါ သေချာပါတယ်သ၀န်တိုမှုတွေနဲ့ ခဏခဏစိတ်ကောက်တတ်ကြတယ်ဆိုတာ...

Wednesday, August 14, 2013

အချစ်နဲ့တွေ့တဲ့အခါ
--------------------

 အချစ်နဲ့တွေ့တဲ့အခါ မာကြောပါတယ်ဆိုတဲ့
နှလုံးသားတစ်စုံဟာ ပျော့ပျောင်းသွားတတ်ကြပါတယ်...

အချစ်နဲ့တွေ့တဲ့အခါ စိတ်ဓာတ်ခိုင်မာပါတယ်ဆိုတဲ့
လူတွေဟာ အလိုလိုခံစားတတ်သွားကြပါတယ်...

အချစ်နဲ့တွေ့တဲ့အခါ ရင့်ကျက်ပါတယ်ဆိုတဲ့
လူတစ်ယောက်ဟာ ကလေးဆန်သွားတတ်ကြတယ်...

အချစ်နဲ့တွေ့တဲ့အခါ အကြောင်းပြခက်မရှိပဲလွမ်းတတ်
လာကြပါတယ်...

အချစ်နဲ့တွေ့တဲ့အခါ အရာရာကိုပေါ့ပေါ့တွေးတတ်တဲ့
လူတစ်ယောက်ဟာ သူ့အတွက်ဆိုလေးနက်မှုရှိလာတတ်ပါတယ်...

အချစ်နဲ့တွေ့တဲ့အခါ ရင်ထဲမှာသူရှိနေတယ်ဆိုတဲ့အသိလေးနဲ့
ပြည့်စုံလာတတ်ပါတယ်...

အချစ်နဲ့တွေ့တဲ့အခါ အရာရာတိုင်းကိုအရူံးပေးလိုက်ရတတ်ပါတယ်...

Credit by Poem's 

ချစ်သူသို့

နှစ်ယောက်တွဲလျောက်ဖူးတဲ့လမ်း
တစ်ယောက်တည်းမလျောက်တတ်တော့
နင်ပြန်ခဲ့ပါတော့ ငါ့ရင်ခွင်ဆီ
ဟိုး ပစ္စုပန်နဲ့နောင်အနာဂါတ်အတွက်
တွဲလက်တွေမြဲမြံစေဖို့ ရှေ့ခရီးဆက်မယ်
တောတောင်ရေမြေခြားလည်း
ချစ်နေရင်းဆတိုးချစ်တယ်
လွင့်ပြယ်သွားတဲ့အနမ်းတွေကို
ဖမ်းဆုပ်ကြမယ် (တကယ်)
ချစ်နေရင်းလွမ်းနေဆဲမို့
ပျံသန်းသွားတဲ့ငှက်ကလေးဆီ
ချစ်သ၀န်လွှာပါးလိုက်ပါရစေ
အလွမ်းမျက်ရည်တွေကိုသုတ်ပေးဖို့
ပြန်လာခဲ့ပါချစ်သူရယ်


(အဝေးကြီးမှာ ခွဲနေရတဲ့ ကျွန်တော့်ချစ်သူလေးက ကျွန်တော့်ကို ရေးပေးထားတဲ့ ကဗျာလေးပါဗျာ..)

Tuesday, August 13, 2013

လူတစ်ယောက်ကိုကိုယ်ကချစ်မိ
သွားခဲ့ရင် သူဘက်ကဘယ်
လောက်အထိရနိုင်မလဲဆိုတာ
ထက် ကိုယ်ကဘယ်လောက်
အထိပေးဆပ်နိုင်သလဲဆိုတာ
ကိုပဲတွေးလိုက်ပါ...

သူဆီကရလာမဲ့ပျော်ရွှင်ခြင်းတွေ
ထက် ကိုယ်ကဘယ်လောက်
အထိ နားလည်မှုပေးနိုင်မလဲဆို
တာအရင်စဉ်းစားလိုက်ပါ...

လူတစ်ယောက်ကိုချစ်ရတာ
အရမ်းပင်ပန်းတယ် အရူံးပေး
လိုက်ရတယ်ဆိုပေမဲ့ရင်ထဲမှာ
ပျော်ရွှင်နေတတ်တဲ့ခံစားမှုမျိုးပါ

တူညီတဲ့တုံ့ပြန်မှုသာရခဲ့မယ်ဆို
ရင်တော့ ဒီကမ္ဘာမှာအပျော်ရွှင်
ဆုံးသောလူသားဟာ ကိုယ်ပဲဖြစ်
မှာပါ...



Saturday, July 27, 2013

"ထာဝရ"ဆိုတာဘယ်
နှစ်ရက်ရှိမှန်းမသိပေမဲ့အဲဒီ
"ထာဝရ"ဆိုတာထက် မင်းကိုပိုချစ်တယ် ချစ်သူ...... အမြဲတမ်းအတွက်ပါပဲနော်....  ♥ ♥ ♥ ♥ ♥

Friday, July 26, 2013

အခုချိန်မှာ နင် ငါ့ အနားရှိနေခွင့်မရနိုင်
သေးပေမဲ့ နင့် ရင်ထဲကတစ်ယောက်သောသူ
ဖြစ်ခွင့်ရတဲ့အတွက်………

အခုချိန်မှာ နင့်ရဲ့လက်ကိုဆုပ်ကိုင်ခွင့်မရနိုင်
သေးပေမဲ့ နင့်ရဲ့ အာပေးနှစ်သိမ့်မှုတွေနဲ့
ငါဆိုတာ ရှိနေခွင့်ရတဲ့အတွက်………

အခုချိန်မှာ နင့်မျက်နှာလေးကို အချိန်တိုင်း
မြင်တွေ့ခွင့်မရနိုင်သေးမဲ့ တစ်နေ့နေ့ ငါ နင့်ရဲ့
အနားမှာ အချိန်တိုင်းရှိနေခွင့် ရမယ်ဆိုတဲ့
မျှော်လင့်ချက်တွေနဲ့ ပျော်နေခွင့်ရတဲ့အတွက်

အရာအားလုံးအတွက် ကျေးဇူးတင်နေမိ
ပါတယ် နင်ဆိုတဲ့ တစ်ယောက်သော သူနဲ့
ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာရယ်…နင့်ရဲ့
လက်ကိုတွဲပီး အတူတူဖြတ်သန်းရမဲ့ ဘဝသစ်
လေးတစ်ခုရယ်အတွက်ပေါ့ ချစ်သူ…………

ငါတို့ နှစ်ယောက် နားလည်မှုတွေလွဲသွားတတ်တဲ့ အချိန်တိုင်း

ငါတို့ နှစ်ယောက် စိတ်ဆိုးလို့ စကားများရန်ဖြစ်ကျတဲ့ အချိန်တိုင်း

ငါ့သ၀န်တိုမှုတွေကြောင့် နင် စိတ်ညစ်သွားရတဲ့အချိန်တိုင်း

ဆုံးရှုံးလိုက်ရမှာကြောက်တဲ့ ငါ့ အတ္တတွေကြောင့် နင့်ကို ချုပ်ချယ်မှု
တစ်ခုလိုဖြစ်မိသွားတဲ့ အချိန်တိုင်း

အဲ့လို အချိန်တွေတိုင်း ငါ့ အပြုအမူတွေက နင့်အတွက် စိတ်ပျက်စရာ
တွေလို့ နင် ခံစားသွားမိမှာ ငါ အကြောက်ဆုံးပါပဲ ချစ်သူရယ်

လူတစ်ယောက်ကိုချစ်ရတာ
အရမ်းပင်ပန်းတယ်တဲ့ ရှိပါတော့
ချစ်သူ ငါကမင်းကိုအရမ်းချစ်မိ
သွားလို့ပါ...

လူတစ်ယောက်ကိုလွမ်းရတာ
အရမ်းမွန်းကြပ်တယ်တဲ့ ရှိပါစေ
တော့ ချစ်သူ...ငါနေသားကျနေ
ပါပြီ...

လူတစ်ယောက်ကိုမေ့ဖို့အချိန်
တွေလိုတယ်တဲ့ ရှိပါစေတော့
ချစ်သူ...နင့်ကိုငါချစ်ခဲ့တာမုန်းဖို့
မဟုတ်လို့ပဲ...မေ့ဖို့ဆိုပိုဝေးပါ
တယ် ချစ်သူ...


Saturday, June 22, 2013

အနေဝေးရင်သွေးအေးသွားတတ်တယ်တဲ့
အနေဝေးလဲသွေးအေးမသွားဖို့  နင့်နှလုံးသားရဲ့ အနီးဆုံး
နေရာမှာ ငါ ရှိနေပါရစေ...........ချစ်သူ


အနေဝေးရင် အချစ်တွေက ပြောင်းလဲသွားတတ်တယ်တဲ့
အနေဝေးလဲ အချစ်တွေပြောင်းလဲမသွားနိုင်ဖို့ ငါ့ရဲ့ အချစ်တွေကို
တန်ဖိုးထားပီး သစ္စာရှိရှိချစ်နေပေးပါနော်........ချစ်သူ


တစ်ယောက်အချစ်ကိုတစ်ယောက်ယုံကြည်နေမယ်ဆိုရင်
အနေနီးခြင်း..ဝေးခြင်းက မသက်ဆိုင်တော့ပါဘူး..ငါလဲ နင့်အချစ်ကို
ယုံသလို နင်လဲ ငါ့အချစ်ကို ယုံကြည်ပေးနေမယ်ဆိုရင် အနေဝေးတိုင်း
ငါတို့ အချစ်တွေ ကွာဝေး မသွားပါဘူး...........ချစ်သူရယ်

Wednesday, June 19, 2013

အချိန်တွေကြာလဲ ပြောင်းလဲမသွားနိုင်တဲ့
အချစ်စစ်တွေနဲ့  အမြဲတမ်း ချစ်နေချင်တယ် ချစ်သူ

အခက်အခဲတွေရှိနေလဲ အပြန်အလှန်အားပေးရင်း
နားလည်မှုလေးတွေနဲ့ အတူတူကျော်ဖြတ်သွားချင်တယ် ချစ်သူ

စိတ်ဆိုး...စိတ်ကောက်တဲ့အချိန်တွေရှိလဲ နာကျင်မှုတစ်ခုလို
ပြောင်းလဲမသွားအောင် မာနဆိုတာကိုမေ့ထားလိုက်ကျမယ် ချစ်သူ

တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့ အတ္တဆိုတဲ့စိတ်တွေ
မရှိအောင် ငါတို့ အချစ်ကိုအပြန်အလှန်တန်ဖိုးထားကျမယ် ချစ်သူ......

အဆိုးအကောင်းအားလုံးကို အတူတူ ရင်ဆိုင်ကျော်ဖြတ်သွား
နိုင်တဲ့ ဘ၀ရဲ့ လက်တွဲဖော်ကောင်းတစ်ယောက်အဖြစ်လဲနင့်ရဲ့ အနားမှာ
အမြဲထာဝရ ရှိနေချင်ပါတယ်..........ချစ်သူရယ်


ချစ်သူ....
တယောက်နဲ့တယောက်ဝေးနေကြတဲ့အချိန်မှာ
လွမ်းမောခြင်းတွေ ပြည့်ကျပ်နေတဲ့ငါ့နှလုံးသား
ကို နင်ကိုမြင်အောင်ပြချင်လိုက်တာ...

တမ်းတနေတဲ့ငါ့ရဲ့စိတ် နင့်ကိုလွမ်းလို့ခဏခဏ
ကျတက်တဲ့ ငါ့မျက်ရည်...တိုးတိတ်စွာ ကြေကွဲခဲ့ရတဲ့အချိန်
အိပ်မပျော်လို့ မင်းအကြောင်းစဉ်းစားခဲ့ရတဲ့ ညပေါင်း
အရာတိုင်းဟာ ငါ့အတွက်ကဗျာမဆန်ဘူး ချစ်သူ...

ချစ်လျှက်နဲ့ခွဲနေကြရတဲ့..ကံကြမ္မာကိုလဲ အပြစ်
မဆိုချင်တော့ပါဘူး ချစ်သူ...

အခုငါရပ်တည်နေတဲ့နေရာမှာ ငါ့အတွက်အဆင်ပြေတယ်
ဆိုပေမဲ့ နင်မရှိလို့ငါမပျော်ဘူး ချစ်သူ...

ဖြစ်နိုင်မယ်ဆိုရင် အချိန်ဆိုတာကြီးကိုယ် လာဒ်ထိုး
ထားချင်မိတယ်...အချစ်မရှိတဲ့အရပ်မှာ ခါးသီးဆုံးသော
နေ့ရက်တွေကိုယ်ရှေ့ဆက်လျှောက်နိုင်ဖို့ နင့်ရဲ့
အပြုံးတွေအများကြီး လိုအပ်တယ် ချစ်သူ...

တယောက်နဲ့တယောက်အမြဲတွေ့မြင်နေရမှ အချစ်က
ခိုင်မြဲတယ်ဆိုပေမဲ့ အနေဝေးပြီး သစ္စာဆိုတဲ့ကြိုးလေးကို
ငါတို့နှစ်ယောက် တင်းတင်းလေးဆုပ်ပြီး ပြန်ဆုံကြတဲ့တနေ့ဟာ
ငါတို့ရဲ့အချစ်တွေ ပိုပြီးခိုင်မြဲမယ်လို့ ငါယူဆတယ် ချစ်သူ...

ငါ့အပေါ်မှာထားတဲ့ နင့်ရဲ့အချစ်တွေကို ငါယုံကြည်သလို
နင့်အပေါ်မှာထားတဲ့ ငါ့ရဲ့အချစ်တွေကိုလဲတန်းဖိုးထားမယ်
လို့ ငါယုံကြည်ပါတယ် ချစ်သူ...

မင်းနဲ့မဆုံသမျှကတော့ ငါအလွမ်းခါးခါးကြီးတွေကိုကြိတ်မှိတ်ပြီး
ခဏခဏ မျိုချလိုက်ပါအုံးမယ် ချစ်သူ...


Tuesday, June 4, 2013

ငါတို့တွေ့ရဖို့ တရက်ထက်တရက် နီးလာလေ
ငါရင်ခုန်သံတွေ ပိုမြန်လာလေဘဲ ချစ်သူ

ငါတို့ လွမ်းလို့ အရင်က စိတ်ညစ်ခဲ့ရတာနဲ့ နေ့တွေ
အဆုံသတ်ဖို့ အချိန်တွေက တနေ့ထက် တနေ့ပိုပို နီးလာပြီ ချစ်သူ

ငါလေ အခုဆို နင်က အလှအပကြိုက်မှန်းသိတော့
ငါလေ အရင်ထက် သပ်သပ်ရပ်ရပ်လေး ပိုနေတတ်နေပြီ

ငါလေ အခုအရင်က ငါမကြိုက်တဲ့ သီချင်းဖြစ်ဖြစ့် ၊ရုပ်ရှင်ကားဖြစ်ဖြစ် နင်ကြိုက်တာတွေဆို ငါစိတ်ရှည်လက်ရှည် နားထောင်ကြည့်ဖြစ်နေမိတယ်

ငါလေ နင်နဲ့တွေ့ရင် ဘယ်လိုပျော်စရာစကားတွေပြောမယ် .......
နင်ကို စနောက်မယ် ဆိုတဲ့ စိတ်ကူးလေးတွေလဲ ယဉ်နေမိတယ် ချစ်သူ

ငါအချစ်နဲ့သစွာတရားသာမှန်ခဲ့ရင် နင်ကို
ငါ့ဘ၀အတွက် တသက်တာ ပိုင်ဆိုင်ခွင့်လေးရပါစေ ♥ ♥ ♥ ♥

ချစ်သူရယ်......တစ်ယောက်နဲ့ တစ်ယောက်
အနေဝေးနေရတော့ ငါ့ ကို ချစ်တဲ့ နင့်အချစ်တွေ ပြောင်းလဲ
သွားမလား ငါ အချိန်တိုင်းကြောက်နေမိတယ်...ချစ်သူ

ချစ်သူရယ်....နင့်ကို အရမ်းချစ်လာတော့ ဘယ်သူနဲ့ မှ
စိတ်မချတဲ့ သ၀န်တိုစိတ်တွေလဲ ငါ့မှာ တဖြည်းဖြည်းနဲ့ 
ပို ပိုတိုးလာတယ်.......ချစ်သူ

ချစ်သူရယ်..... နင့်ကို ငါ့ရဲ့ ဘ၀တစ်ခုလုံးနဲ့ ရည်ရွှယ်ပီး
ချစ်နေမိသလို နင်လဲ ငါ့အချစ်တွေနဲ့ ထပ်တူကျနိုင်ပါစေလို့ 
အချိန်တိုင်း ဆုတောင်းနေမိတယ်...ချစ်သူ

ချစ်သူရယ်.....အနေဝေးသွား သွေးအေးသွားတယ်ဆိုတဲ့
အကြောင်းပြချက်တွေကြားထဲက ငါ့နှလုံးသားလေးအနားမှာ နင်
တစ်ယောက်ထဲပဲ အချိန်တိုင်းရှိသလို နင့်နှလုံးသားလေးရဲ့ အနီးဆုံး
တစ်နေရာမှာလဲငါ တစ်ယောက်ထဲရှိနေပါရစေနော် ချစ်သူ..........
( အရမ်း.......ချစ်တယ်...... )
 
ချစ်သူရယ်......တစ်ယောက်နဲ့ တစ်ယောက်
အနေဝေးနေရတော့ ငါ့ ကို ချစ်တဲ့ နင့်အချစ်တွေ ပြောင်းလဲ
သွားမလား ငါ အချိန်တိုင်းကြောက်နေမိတယ်...ချစ်သူ

ချစ်သူရယ်....နင့်ကို အရမ်းချစ်လာတော့ ဘယ်သူနဲ့ မှ
စိတ်မချတဲ့ သ၀န်တိုစိတ်တွေလဲ ငါ့မှာ တဖြည်းဖြည်းနဲ့ 
ပို ပိုတိုးလာတယ်.......ချစ်သူ

ချစ်သူရယ်..... နင့်ကို ငါ့ရဲ့ ဘ၀တစ်ခုလုံးနဲ့ ရည်ရွှယ်ပီး
ချစ်နေမိသလို နင်လဲ ငါ့အချစ်တွေနဲ့ ထပ်တူကျနိုင်ပါစေလို့ 
အချိန်တိုင်း ဆုတောင်းနေမိတယ်...ချစ်သူ

ချစ်သူရယ်.....အနေဝေးသွား သွေးအေးသွားတယ်ဆိုတဲ့
အကြောင်းပြချက်တွေကြားထဲက ငါ့နှလုံးသားလေးအနားမှာ နင်
တစ်ယောက်ထဲပဲ အချိန်တိုင်းရှိသလို နင့်နှလုံးသားလေးရဲ့ အနီးဆုံး
တစ်နေရာမှာလဲငါ တစ်ယောက်ထဲရှိနေပါရစေနော် ချစ်သူ..........
( အရမ်း.......ချစ်တယ်...... )  Credit by Poem's


Saturday, June 1, 2013

လူတယောက်ကို တကယ်ချစ်မိသွားရင်
______________________________

ပိုင်ဆိုင်ချင်စိတ်တွေ များလာတတ်ပါတယ်...

သ၀န်တိုမှုလေးတွေ များလာတတ်ပါတယ်...

သူကိုယ့်အနားကနေ ထွက်ခွါသွားမှာအရမ်းကြောက်
နေမိတတ်ပါတယ်...

သူနဲ့အဆင်မပြေဖြစ်တိုင်းအရင်ခေါင်းငိုက်စိုက်ဖြစ်နေ
တတ်ပါတယ်...

စိတ်ကောက်ပြီဆိုရင်လဲ တယောက်တည်းကမ္ဘာပျက်
မတတ်ခံစားနေရတတ်ပါတယ်...

သူ့ရဲ့အနားမှာအချိန်တိုင်းကလေးလေးတယောက်လို
နေနေချင်မိတယ်...

သူတယောက်တည်းကို သစ္စာရှိနေတတ်တယ်...

သူမကြိုက်တဲ့ ကိစ္စတတ်နိုင်သလောက်ရှောင်နေတတ်
ပါတယ်...

ကိုယ့်ရဲ့အချိန်တွေအားလုံးမဟုတ်ရင်တောင်မှအားတဲ့
အချိန်သူနဲ့ပဲ ကုန်ဆုံးချင်တယ်...

Friday, May 31, 2013


အခုလိုခဏလေးဝေးနေတာ
တစ်ဘဝလုံးအတွက်နီးရဖို့
အတွက်ပါ ချစ်သူ...

အခုချိန်မှာငါတို့အတွက်ပြောပြ
လို့မတတ်အောင်ဖြစ်ရတဲ့
အလွမ်းတွေရှိမယ်...

အားတင်းထားပါ ချစ်သူ တချိန်
ချိန်ကြရင်သူများချစ်သူတွေလို
ငါတို့တွေလဲပျော်ရမှာပါလေ ဆို
တဲ့အတွေးတွေနဲ့ပေါ့...

ပျော်ရွှင်ရမှာပါ ချစ်သူ...ငါတို့
နှစ်ယောက်ရဲ့မျှော်လင်ချက်ဟာ
ငါတို့နှစ်ယောက်ပဲတည်ဆောက်
ထားတာပဲ...♥♥♥♥ Credit by Poem's


Sunday, May 26, 2013

ကိုယ်ဘ၀ရဲ့ နံရိုးပိုင်ရှင်ဖြစ်လာမယ့်သူ..........

သူတစ်ယောက်ကို ငါသိပ်ချစ်တယ်

သူအတွက်ဆို ငါအရာရာကို ငါအလျော့ပေးတတ်တယ်

သူအတွက်ဆို ငါမှာ မာနမရှိအောင် အမြဲ ငါကိုယ်ငါ ဆုံးမတတ်တယ်

သူကို တစ်ဘစာ ယုံကြည့်မှုတွေနဲ့ လက်တွဲဖို့ဆုံးဖြတ်ထားတယ်

ချစ်သူတစ်ယောက် ရဖို့ မခဲယဉ်းပါဘူး ဘ၀အတွက် တန်ဖိုးထားပြီ ချစ်တတ်တဲ့သူတစ်ယောက် ရဖို့သာ ခက်ခဲ့တာပါ..........
ငါချစ်သူ နင်သိပါစေ........ ♥ ♥ ♥ ♥

Saturday, May 25, 2013

စိတ်ချ နေချင်လည်းပဲ .. မေးခွန်းတွေက..... အိပ်လို့မရတဲ့ညနက်တိုင်းမှာ.......
မင်းအကြောင်းအတွေးတွေဝင်လာ........♥ ♥ ♥ ♥
ကလေးလေးတစ်ယောက်လို တစ်ဇွတ်ထိုးနဲ့.....အလွမ်းသင့်နေတုန်း...အိပ်လို့မရတဲ့ညနက်တိုင်းမှာ
လမ်းမဘက်မျှော်နေမလား....
အမြဲတမ်းကိုယ်ဆိုပြဘူးတဲ့ သီချင်းလေးတွေက...အမှတ်တမဲ့ကြားရင် အမှတ်တမဲ့ဖြစ်ကာ
ဝမ်းနည်းအားငယ်နေကာ........... :'(.....
ဘယ်လိုမှစိတ်မချဘူးကွာ... ဝေးလို့နေလည်း........ :'( .......... :'( ...... :'( ........ :'(......
နာကျင်နေတဲ့နေ့ရက်များစွာ...ရုန်းထွက်ခက်ခဲ့....
ကိုယ့်ရဲ့စိတ်တွေ...ကိုယ့်ရဲ့အသိတွေ...မင်းလေးအရိပ်တွေဆီမှာ.............................
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Friday, May 24, 2013

အချစ်ကို တွေ့ရှိသွားသောအခါ...
---------------------------------

လူတိုင်းဟာ အရာတိုင်းမဟုတ်ရင်တောင်မှ
သူမကြိုက်တဲ့အရာလေးတွေကို ပြောင်းလဲ
တတ်ဖို့ ၀န်မလေးတတ်တော့ပါဘူး...

ကိုယ့်ရဲ့မာနတရားတွေဆိုတာကလဲ သူနဲ့တွေ့ရင်
ဘယ်အနားကျပျောက်သွားမှန်းမသိဖြစ်ရတတ်ပါတယ်...

ခဏလေးခွဲနေရတာတောင် စိတ်ပူလာတတ်ပါတယ်
(ငါမဟုတ်တဲ့တခြားလူတွေနဲ့များရှိနေမလား)...

သူမကြိုက်တဲ့အရာ သူ့နောက်ကွယ်မှာဖြစ်နေပါစေ
တတ်နိုင်သမျှရှောင်နေတတ်ပါတယ်...

ကိုယ်ကလွဲပြီးရင် တခြားလူဆိုတာပေါ်လာမှာ
ကမ္ဘာပျက်မတတ်ကြောက်မိကြမှာပါပဲ...

သူ့ဆီက"အရမ်းချစ်တယ်" ဆိုတဲ့စကားဟာ
ကိုယ်ကြားဖူးသမျှစကားလုံးတွေအထဲမှာတော့
အရသာရှိဆုံးဖြစ်လာမှာပါ...

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ...သူ့ဆီက(အရမ်းချစ်တယ်ဆိုတဲ့) စကားလးကိုကြားလိုက်ရရင် အမောဆိုတာဘယ်နား
ရောက်သွားမှန်းမသိတော့ပါဘူး... ♥♥♥♥

Thursday, May 23, 2013


တစ်နေ့ နေ့ မှာ ဆုံတွေ့ ရမယ်ဆိုတဲ့ အတွေးက
ငါတို့ နှစ်ယောက်ရဲ့ မျှော်လင့်ချက်.......

တစ်နေ့ နေ့ မှာ အတူတူလက်တွဲခွင့်ဆိုတာက
ငါတို့ နှစ်ယောက်ရဲ့ ယုံကြည်ချက်......

ငါတို့ မျှော်လင့်ချက်....ယုံကြည်ချက်တွေ ပျက်ဆီးမသွားးရအောင်
တစ်ယောက်ကို တစ်ယောက် နားလည်ခွင့်လွှတ်မှုလေးတွေ
ရှိနိုင်ဖို့ လိုအပ်သလို.....

တစ်ယောက်အပေါ်တစ်ယောက်သစ္စာရှိရှိနဲ့  အချိန်တွေဘယ်လိုပဲ
ပြောင်းလဲ ပြောင်းလဲ ငါတို့ အချစ်တွေ ပြောင်းလဲမသွားဖို့ 
လိုအပ်တယ်နော် ချစ်သူ..........

တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း အမြဲတမ်း
နီးနေမယ်ဆို အနေတွေ ဘယ်လောက်ဝေးဝေး ငါတို့ အချစ်တွေ
သွေးအေးမသွားနိုင်ပါဘူး ချစ်သူရယ်..........

Wednesday, May 22, 2013

ငါ့ရင်ထဲ ခဏလောက်ငုံကြည့်စမ်း...................
မင်းမထင်ထားတဲ့ မနက်ခင်းတို့ ရှိနေတယ်................... ♥

ငါ့ရင်ထဲ .နင်ခဏလောက်လှမ်းကြည့်စမ်း...................
မင်းမမျှော်လင့်တဲ့အိမ်မက်တို့ရှိနေတယ်................... ♥
မဖြစ်နိုင်တဲ့ စိတ်ကူးသစ်များစွာထဲ...................
မင်းလိုအပ်ရင် ငါအားလုံးသိမ်းယူနိုင်တယ်................... ♥
ေ၀၀ါးနေတဲ့ အနာဂတ်သစ် မနက်ဖြန်များထဲ...................
မင်းလိုလားရင် လက်ဖ၀ါးထဲထိ ယူနိုင်တယ်................... ♥
အမှားမခံတဲ့ အချိန်များစွာထဲ ငါတို့တွေ အတူရှိခဲ့တယ်...................
အမှားမခံတဲ့ စိတ်ကူးတွေနဲ့ စက်ဝိုင်းတွေနဲ့...................
ဘ၀ရဲ့ ခဏတာ အချိန်မှာ................... မင်းတွက် တစ်ဘ၀စာဖြစ်ဖြစ်...................
မင်းတွက်ခဏတာ ဖြစ်ဖြစ်...................ချွေးသိပ်နားခိုရာငါ...................
အမြဲအသင့်ရှိချင်သူပါ............................................................................ ♥ ♥
မင်းအတွက်တစ်ဘ၀စာဖြစ်ဖြစ်...................မင်းတွက်ခဏသာဖြစ်ဖြစ်...................
ချွေးသိပ်နားခိုရာငါ...................
အမြဲအသင့်ရှိချင်သူပါ............................................................................ ♥ ♥
အမြဲအသင့်ရှိချင်သူပါ............................................................................ ♥ ♥

http://s1279.photobucket.com/user/waihin11/media/37269a9a-8793-45ff-b163-c252955c1742_zps70783233.jpg.html

တနေ့နေ့ဆုံရမယ်ဆိုတဲ့
မျှော်လင့်ချက်တွေနဲ့အခုချိန်မှာ
ငါ့ရဲ့လွမ်းမောခြင်းတွေကိုဝှက်
ထားတယ် ချစ်သူ...
မျက်ရည်တွေအဖြစ်နဲ့ပေါ့...

ငါလဲသူများချစ်သူတွေလိုနင်နဲ့
အတူပျော်ချင်တာပေါ့ ချစ်သူ...

ငါလဲပဲသူများချစ်သူတွေလို
သတိရတဲ့အခါပြေးတွေ့ချင်တာ
ပေါ့ ချစ်သူ...

ဒါပေမဲ...့ ဖြစ်မှမဖြစ်နိုင်သေးတာဟာ...

အခုငါရပ်တည်နေတဲ့နေရာကငါ့
အတွက်အဆင်ပြေတယ်ဆိုပေမဲ့
နင်မရှိလို့ငါမပျော်ပါဘူး ချစ်သူ..

ငါတို့နှစ်ယောက်တနေ့နေ့ကျရင
ဘဝတခုကိုအတူတူဖြတ်သန်းကြ
ရမယ်ဆိုတာ ယုံကြည်နေပေးပါ
ချစ်သူ...


ဒါနောက်ဆုံးအချစ်ပါ .......
မင်းကလွဲရင်ဘယ်သူမှ မချစ်နိုင်တာ

ဒါနောက်ဆုံးငါရဲ့ နားခိုရာပါ.........
ငါ့ရင်ခွင့်က မင်းတစ်ယောက်အတွက်သာ 


ဒါနောက်ဆုံးငါရဲ့ ချစ်သူပါ.......ငါအချစ်က မင်းကလွဲရင် တခြားသောတစ်ယောက်ကို မချစ်နိုင်တော့တာ

မင်းယုံကြည့်ပါလို့ ငါမပြောလိုပါဘူး.......

ငါမျှော်လင့်နေတယ် မင်းပြန်လာမယ့်နေ့.........

ငါကြိုးစားနေတယ် မင်းနဲ့နီးရဖို့........

ငါစောင့်နေမယ် မျှော်လင့်ချက်တွေနဲ့
မင်းငါကို နားလည်ပြီ ပြန်လာမယ့်နေ့ကိုပေါ့.....


Friday, May 17, 2013

ငါတို့ဝေးနေတဲ့ အချိန်မှာ နင်စိတ်ညစ်စေမယ့်စကား
မပြောမိအောင် ငါကြိုးစားမယ် ...........

မေးခွန်းတိုင်းမှာ အဖြေရှိတယ်ဆိုရင်......

ငါတို့ အချစ်ရဲ့ နောက်ဆုံးရလဒ်အဖြေလဲ ရှိမှာပါ ......

ငါတို့ကံကောင်းမှာပါ ......ငါအရမ်းချစ်တဲ့နင် စိတ်မညစ်ဖို့ ဘာတွေဘဲဖြစ်ဖြစ် ............

ငါအမြဲအဆင်ပြေပါတယ်........
ငါပျော်ပါတယ် ဆိုတဲ့စကားကလွဲရင်..........
နင်စိတ်ညစ်စေမယ့် စကားမပြောမိအောင် ငါနေတော့မယ် ချစ်သူ........

ငါယုံကြည့်ထားတဲ့ ချစ်သူ အချစ်စစ်ဖြစ်ရင် အဲဒီအချစ်ကို
ဘယ်အရာကမှ နှောင့်ယှက်ခွင့်မရှိဘူးလို့ ............
Credit by Poem's ... from facebook ..

အချစ်က ပေးဆပ်ခြင်းလား........

အချစ်က ပိုင်ဆိုင်ခြင်းလား........


အချစ်က စွန့်လွတ်အနစ်နာခံခြင်းလား........

ငါအတွက်တော့ အချစ်က တစ်ယောက်အပေါ်တစ်ယောက်
တကယ်ချစ်ပြီ တကယ်သစွာထားပြီ နားလည်မှုတွေနဲ့
တည်ဆောက်ထားတဲ့ဘ၀ကို အချစ်လိုသတ်မှတ်ထားတယ်........


တခါတလေ အချစ်က နူးညံမှုတွေပါမယ်........

တခါတလေ အချစ်က နှစ်သိမ့်မှုတွေပါမယ်........

တခါတလေ အချစ်က အခက်အခဲတွေရှိမယ်........

တခါတလေ အချစ်က မျှော်လင့်ချက်တွေပါမယ်........

တခါတလေတော့ အချစ်က ငိုကြွေးချင်တွေလဲပါတယ် ........

ဒါတွေအားလုံးကို နားလည်မှုနဲ့ သစွာရှိမှုလေးသာ
ရှိရင် အရာအားလုံးသာယာနေမှာပါ........

တချို့ကပြောတယ် ကိုယ်အပေါ် အလိုလိုက်မယ့် မိသားစု တခုရှိနေတာဘဲတဲ့
ဘာကြောင့် ချစ်သူကို လွမ်းနေ၇မှာလဲတဲ့.........


တချို့ကပြောတယ် အချစ်ကဒီလောက်အရေးကြီးလားတဲ့
ငါအတွက်ဘယ်လောက်အလိုလိုက်မှုတွေရှိရှိပေါ့
ငါချစ်သူ ငါ့အနားမှာမှ မရှိတာ ငါဘယ်ပျော်နိုင်မလဲတဲ့ .........

တခါတလေ လူတွေက အပေါ်ယံ ခံစားချက်တွေနဲ့ ကြည့်တတ်ကြတယ် ။
တကယ်တော့ သူတို့သာ အဲလိုခံစားခဲ့ဖူးမယ်ဆိုရင် .........

ဖြစ်နိုင်ရင် သူအချစ်တွေကို
ငါထာဝရပိုင်ခွင့်ရချင်တာ


ဒါပေမယ့် ငါချူပ်ချယ်သလိုဖြစ်မှာလဲ
ဆိုးတယ် ဒါပေမယ့် နင်ငါက လွဲ၇င်
ဘယ်သူမှ ချစ်တာ မလိုချင်ဘူး

ဖြစ်နိုင်မယ်ဆို သူအနား ငါအချိန်ပြည့်
နေခွင့်လေးရချင်တာ

ဒါပေမယ့် ကံတရားက အချိန်တွေကန့်သတ်ပြီ
စောင့်ဆိုင်းခိုင်းထားတယ် ။

အချိန်တွေရယ် မြန်မြန်ကုန်ပါတော့ ........ငါ့ချစ်သူကို ငါလွမ်းလှပြီ

Thursday, May 16, 2013

အနေတွေဝေးလေးလဲ ငါတို့ အချစ်တွေထပ်တူကျဖို့ 
ခွင့်လွှတ်မှုလေးတွေနဲ့ အပြန်အလှန်နားလည်ပေးကျမယ်နော်.
..

အနေတွေဝေးနေလဲ သ၀န်တိုမှုလေးတွေကြောင့် သံသယတွေ
ဖြစ်မလာဖို့ ယုံကြည်မှုလေးတွေနဲ့ ပွင့်လင်းမှုရှိကျမယ်နော်.....

အနေတွေဝေးနေလဲ အတူတူပျော်ရွှင်ခွင့်ရနိုင်ဖို့  ဆုံနိုင်ခွင့်
ရမဲ့နေ့ လေးကို မျှော်လင့်ရင်း သစ္စာရှိနေပေးကျမယ်နော်......

အနေတွေဝေးနေလဲ အတူတူလက်တွဲခွင့်ရနိုင်ဖို့ တစ်ယောက်ကို
တစ်ယောက် စစ်မှန်တဲ့ အချစ်စစ်လေးတွေနဲ့ အချိန်တွေ ဘယ်လောက်
ကြာကြာမပြောင်းလဲပဲချစ်သွားကျမယ်နော်........ ချစ်သူ

အရမ်းချစ်တယ်..............ချစ်သူရယ်

Credit by Poem's ... From facebook ....

Wednesday, May 15, 2013

စိတ်ညစ်တဲ့အချိန်တိုင်း အနားမှာအမြဲအားပေးခဲ့တဲ့
သူမကိုကျနော ချစ်တယ်...

အခက်ခဲတွေဖြစ်တိုင်းလဲ အတူတူမျှဝေခံစားပေးတတ်တဲ့
သူမကိုကျနော ချစ်တယ်...

စိတ်ကောက်ကြတဲ့အချိန်တိုင်း ကျနောချော့လို့ပျော်သွားတတ်
တဲ့ သူမကိုကျနော ချစ်တယ်...

ကလေးတယောက်လိုကျနော့အပေါ်အမြဲဆိုးပြီး လူကြီးတယောက်လို
အမြဲဆုံးမတတ်တဲ့ သူမကိုကျနော ချစ်တယ်...

ကျနော့ဘ၀အတွက်မရှိမဖြစ်လိုအပ်ချက်တွေအထဲမှာ သူမဟာ
တခုအပါဝင်ဆိုတာ ကျနောသိတယ်...

သေချာတာတခုကတော့ သူမကိုကျနော အရမ်းချစ်တယ်.... 

ချစ်သူ~~~♥ ♥ ♥ ♥
မင်းရဲ့ အနား အမြဲနေချင်တယ်. . .
နင်စိတ်ညစ်တိုင်း
အနားမှာရှိနေချင်တယ်. . .
နင်ဝမ်းနည်းတိုင်း
အားပေးချင်တယ် . . .
နင်စိတ်ကောက်တိုင်း
ငါချော့ ချင်တယ် . .
နင်ဆီငါ တခုဘဲ တောင်းဆိုချင်တာပါ . . .
နင် နား မှာ အရိပ်လေးအဖြစ်
အမြဲ ရှိနေခွင့်လေးပါ
♥ ♥ ♥ ♥_ WHZ_ ^_^ ♫♫♫♫♪♪♪♪


လူတယောက်ကိုချစ်မိသွားပြီဆိုရင်အရာတိုင်း
မဟုတ်ရင်တောင်တချို့တဝက်ကိုပြောင်းလဲလာတတ်ပါတယ်... 
သူမကြိုက်တဲ့အပြုမှုမျိုးကိုတတ်နိုင်သလောက်ရှောင်နေတတ်ပါတယ်...

သူပြောတဲ့စကားလုံးတိုင်းကိုအမိန့်တခုလိုနာခံနေတတ်ပါတယ်...

သူ့အကြောင်းတွေးမိတိုင်းပျော်နေတတ်ပါတယ်...

သူ့ကိုတဘဝလုံးစာအတွက်ရည်ရွယ်ထားတတ်ပါတယ်...

သူနဲ့အဆင်ပြေနေရင်ကမ္ဘာပေါ်မှာအပျော်ဆုံးလူတယောက်လိုဖြစ်နေတတ်ပြီ
စိတ်ဆိုးကြတဲ့အချိန်တွေမှာဆိုရင်တလောကလုံးကလူတွေဥပက္ခာပြုထား
သလို ခံစားရတတ်ပါတယ်..

Tuesday, May 14, 2013


လူတစ်ယောက်ကိုအရမ်းချစ်မိတဲ့အခါ သူက ကိုယ့်ရဲ့ ဘ၀တစ်ခုလို
ဖြစ်လာတတ်တယ်....

သင်ရောအဲ့လိုအချစ်မျိုးနဲ့  ချစ်ဖူးလား.......???????
-------------------------------------------------------

1..သူဆီကရလာမဲ့ ပျော်ရွှင်မှုကို အချိန်တိုင်းမျှော်လင့်နေတတ်တယ်..

2..သူ့ ကို ပိုင်ဆိုင်ခွင့်ရဖို့ အတွက်ဆိုရင်အရာအားလုံးကိုစွန့် လွှတ်ရဲတယ်...

3..သူ့ ဆီကဘယ်အရာကိုမှမျှော်လင့်မထားပဲပေးဆပ်ဖို့ အတွက်ပဲ
ကြိုးစားနေမိတယ်.....

4..တစ်ခြားသူတွေ အပေါ်မှာဘယ်လောက်မာနကြီးပါတယ်ပြောပြော
သူ့ အတွက်ဆိုရင်တော့ မာနကို မေ့ပီးအရှုံးပေးနေတတ်တယ်.....

5..သူ့ ရဲ့ အခက်အခဲဆိုတာကိုလဲ ထပ်တူခံစားပေးနေတတ်တယ်.....

6..တစ်ခြားသူတွေအတွက်သူက ဘာမှမဟုတ်ခဲ့ဘူးဆိုရင်တောင်
အရာအားလုံးထက်တန်ဖိုးထားနေတတ်တယ်....

7..သူ့ ကိုပိုင်ဆိုင်ခွင့်ရဖို့ အတွက်ဆိုတာကတော့ အချိန်တိုင်းဆုတောင်းရင်း
မျှော်လင့်နေတတ်တာအသေအချာပါပဲ............

8..အဲ့လိုအချစ်မျိုးနဲ့ ချစ်နေပီဆိုရင်တော့ သူ့ ကိုပိုင်ဆိုင်ခွင့်ရခဲ့မယ်
ဆိုရင်လဲအရမ်းကိုပျော်ရွှင်စရာဖြစ်သလို ...ပိုင်ဆိုင်ခွင့်မရသေးဘူး
ဆိုရင်တော့အရမ်းကို စိတ်ပင်ပန်းပီးခံစားနေရတဲ့အချိန်ဖြစ်နေတတ်ပါတယ်




လူတစ်ယောက်သင်ချစ်ပီးဆိုတာနဲ့
အရင်က သင်အရေးတကြီးစံနမူနာထားထားတဲ့ အချက်လေးတွေမေ့ကုန်ကြတယ်


(1) ဘာကြောင့် ချစ်တာ

(2) ဘယ်အတွက် ချစ်တာ

(3) ဘယ်သူမို့ ချစ်တာ

(4) ဘယ်အချိန်မှာချစ်တာ

(5) ဘယ်လို ချမ်းသာရမှာ

ဒါတွေက သင်စံနမူနာထားပြီ သတ်မှတ်ထားပေးမယ့် တကယ်ချစ်လာရင် ဘယ်သူကိုမှ ချစ်မယ်.....ဘာကြောင့်မှ ချစ်မယ်.......ဘယ်သူမှ ချစ်မယ် .......ဘယ်အချိန်မှ ချစ်သူထားမယ် ဒါတွေအတွေးထဲတောင် ရှိမှာမဟုတ်ဘူး ။ တကယ်ချစ်လာရင် တခုဘဲစဉ်စားမိကြပါတယ် ။ ကိုယ်ချစ်တဲ့သူ သူတစ်ယောက်ထဲဖြစ်သလို သူချစ်တဲ့သူလဲ ကိုယ်တစ်ယောက်ထဲဖြစ်ဖို့ဘဲ စဉ်စားမိတတ်ကြပါတယ်။

Monday, May 13, 2013

I Am All Yours…
My Eyes Are To Stare You…
My Heart Is To Beat For You…
My Mouth Is To Talk To You…
My Arms Are To Hold You Tight…
My Ears Are To Hear Your Sweet Voice…
My Legs Are To Go For A Walk With You…
My Shoulders Are To Put Your Head On… When You Need To…
My Everything Is Only Yours Baby…
I Am Only Yours… Forever… And For Eternity…♥♥♥♥

I miss you ....:'( :'( ............................

Thursday, May 9, 2013

♥ ♥ ♥ တကယ်ချစ်ရင် ♥ ♥ ♥

လူတစ်ယောက်ကို အချစ်စစ်နဲ့  ချစ်ရတာ

ဘယ်အရာနဲ့ မှ မတူအောင်

အရမ်းပင်ပန်းတယ်.....

သူပျော်ရွှင်ဖို့ အတွက်ပဲ စဉ်းစားမိတယ်

သူစိတ်ဆိုးသွားမှာကို အရမ်းကြောက်တယ်

သူစိတ်ဆိုးသွားရင်လဲ ကိုယ့် မာနကို ရိုက်ချိုးပြီးတော့ ပြန်ချော့ရပါတယ်......

ကိုယ့်အတွက်လုပ်နေရင် သူ့ အတွက်ပဲဖြစ်နေတတ်တယ်

သူနဲ့ အဆင်ပြေတဲ့အခါ ကိုယ်စိတ်လေးတွေ အလိုလိုပျော်ရွှင်နေမိတယ်.......

သူက အရမ်းချစ်တယ်လို့ ပြောရင်

စစ်ပွဲတွေကို အောင်မြင်လာတဲ့ 

စစ်သူကြီးတစ်ယောက်အသွင် ၀င့်ကြွားချင်လာတယ်........

သူ့ အတွက် မျက်ရည်တွေကျပေးရတယ်

သူမရှိရင် မနေတတ်တော့ဘူးဆိုတဲ့ အတွေးတွေဝင်လာတယ်.........

ဘာကြောင့်လဲဆိုတော့

သူ့ကိုကိုယ့်ဘ၀ရဲ့ လက်တွဲဖော်တစ်ယောက်ဖြစ် ရွေးချယ်ထားလို့ ပါ......
 

Saturday, May 4, 2013

သတိရတယ်ဆိုတာ လူမသိသူမသိ စိတ်ဝေဒနာတမျိုးပါ
အဲဒီထက်ဆိုးလာရင် နေမထိထိုင်မသာဖြစ်လာတယ်
အဲဒါဆိုရင်တော့ လူသိသူသိတဲ့စိတ်ဝေဒနာဖြစ်သွားပြီ

လူတယောက်ကို အရမ်းသတိရလာရင်
ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး
ပြီးတော့ကိုယ်သတိရတာကို
ကိုယ့်ဘေးကလူကတောင်သတိထားမိလာတယ်လေ


Friday, April 26, 2013

အချစ်ကို ပေါ့ပျက်ပျက်
မကစားပါဘူး

ငါချစ်တဲ့သူ နင်အပေါ်
ငါအရမ်းတန်ဖိုးထားတယ်

အရာရာကို ငါအလျော့ပေးတော့
နင်ငါအပေါ် အလေးအနက်မထားမှာဆိုးတယ်

ခံစားရတဲ့သူရင်ထဲကို မမြင်နိုင်ရင်နေပါ
ခံစားချက်ကိုတော့ ပေါ့ပေါ့ပျက်ပျက်လို့ မထင်လိုက်ပါနဲ့


နင် သတိရသလို ငါ သတိမရဘူးလို့  နင် ထင်နေတတ်တယ်...

နင် လွမ်းသလို ငါ မလွမ်းဘူးလို့  နင် ထင်နေတတ်တယ်........

နင် ချစ်သလို ငါ မချစ်ဘူးလို့  နင်ထင်နေတတ်တယ်..........

တကယ်ဆို နင် စိတ်ဆိုးလို့ ပြောလိုက်တဲ့ စကားတစ်ခွန်းကအစ
ငါ ဘယ်လောက်ထိဝမ်းနည်းတယ်ဆိုတာ နင် မသိလို့ လား ???

တကယ်ဆို ငါ နင့်ကို ချစ်တဲ့ အချစ်ဘယ်လောက်ထိလေးနက်ပီး
ငါ့ ရင်ထဲမှာ ဘယ်လောက်ထိ နင့်နေအောင် ချစ်တယ်ဆိုတာ နင်မသိလို့ လား????

ငါ့ ဘ၀မှာ နင်ရှိနေတယ်ဆိုယုံနဲ့  ငါ့ နေ့ ရက်တွေ အားလုံးက လှပနေ
တတ်တာပါ.... တစ်ခြားအရာတွေအားလုံးထက် နင် တစ်ယောက်သာ
ငါ့ ဘ၀အတွက်အလိုအပ်ဆုံးပါ ချစ်သူရယ်...............


Tuesday, April 23, 2013

ငါ စိတ်ကောက်သွားရင်လဲ နင် ပြန်ချော့ပေးပါ
နင် စိတ်ဆိုးရင်လဲ ငါ့ဘက်က အရင်စခေါ်ပါ့မယ်.........


နင့် စိတ်ထဲမှာ ငါ့ကို သံသယရှိနေရင် ပွင့်လင်းပါ
ငါ့ စိတ်ထဲမှာ နင့်ကို သံသယ၀င်နေရင် ဖြေရှင်းမှာပါ....

နင့် မှာ စိတ်ညစ်စရာရှိနေရင် ငါ့ကို ရင်ဖွင့်ပါ
ငါ မှာ စိတ်ညစ်စရာကြုံလာရင် နင့်ကို တိုင်ပင်မှာပါ....

မထားသင့်တဲ့ မာန...မလိုအပ်တဲ့ သံသယ..ဟန်ဆောင်မှု
ဆိုတာတွေမရှိမှ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်နဲ့ 
အမြဲတမ်းအတူတူလက်တွဲသွားနိုင်မှာကြောင့်ပါ ချစ်သူရယ်....

ချစ်သူ.......ငါနင်နဲ့ ဝေးရမှာထက်
အနီးဆုံးမှာ နေခွင့်မရှိမှာကို စိုးရိမ်တာ .....
ချစ်သူ.......ငါမဟုတ်တဲ့ သူတွေကြောင့် နင်စိတ်ညစ်မှာဆိုးတာထက်
ငါကြောင် နင်စိတ်ညစ်မှာကို မလိုလားတာ .......


ချစ်သူ ....... ငါ့ကြောင့် နင်မျက်ရည်ကျရမှာထက်
နင်မျက်ရည်တွေ သုတ်ပေးခွင့်မရှိမှာကို ငါဆိုးတာ.......


ချစ်သူ....... ငါနင့်ကို မျှော်လင့်နေတယ်ဆိုတာထက်
ငါနင်ဆိုတဲ့ အတွေးနဲ့ ပျော်နေခြင်းတာ.......


ချစ်သူ.......နင်နီးဖို့ နေ့ရက်တွေကို လက်ချိုးရေရင် တရက်ဆိုတာ ငါအတွက် တနှစ်လောက်ကြာနေသလို ခံစားရတာ ......
 



မင်းရဲ့အမှတ်တမဲ့ပြောတဲ့စကားတခွန်းကိုတောင်
အမြဲအမှတ်ရနေတတ်တဲ့ငါပါ...

မင်းကိုပေးဖူးတဲ့ငါ့ရဲ့ကတိငါ့အသက်နဲ့အတူ
တန်ဖိုးထားတတ်တဲ့ငါပါ...

မင်းရဲ့ "ချစ်တယ်"ဆိုတဲ့စကားတခွန်းနဲ့ငါ့ရဲ့အတ္တ။
မာနတွေကိုငါကိုယ်တိုင်ရိုက်ချိုးခဲ့တဲ့ငါပါ...

မင်းနဲ့ခဏလေးစကားမပြောပဲနေနေရတာနဲ့
တယောက်တည်းကမ္ဘာကြီးရဲ့အပြင်ဘက်ကို
ရောက်နေသလိုခံစားနေတတ်တဲ့ငါပါ...

ဒါတွေအားလုံးဟာနင့်ကို"အရမ်းချစ်လို့ ချစ်သူ"...

Monday, April 22, 2013

မင်းနဲ့ ဆုံတွေ့ခဲ့ရခြင်းဟာ.. အိမ်မက်တစ်ခုဆိုရင်
ဘယ်တော့မှ နိုးထဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး ... ချစ်သူ...
မင်းကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်လို့ ပါ.........................

တိုက်ဆိုင်မှု ရှိရှိ မရှိရှိ သူကို
သတိရနေတတ်တယ်....!!!


 ဘ၀ဆိုတာကို ရိုးရိုးရှင်းရှင်းလေး
စိတ်ကူးယဉ်ခဲ့ပေမယ့် အဲဒီဘ၀လေးမှာ
သူပါဝင်ဖို့ ဆုတောင်းနေမိတယ် ....!!!

အိမ်မက်တွေ မက်တိုင်း
အိမ်မက်မှန်းသိရက်နဲ့ တကယ်လက်တွေ့
သူပါဝင်မယ့် အနာဂတ်ကို
မျှော်လင့်နေတုန်းဘဲ....!!!


ဖြတ်သန်းခဲ့တဲ့ အတိတ်မှာ
သူပါဝင်သလို အနာဂတ်မှာလဲ
သူအနားရှိနေခွင့်ရချင်မိတယ်....!!!


ဖြစ်တတ် ပျက်တတ်တယ် လောကကြီးမှာ
ဘယ်အရာမှ ပုံသေတွက်ထားလို့မရဘူးဆိုပေမယ့်
နင်အပြင်နောက်ထပ် မရှိနိုင်တော့တဲ့ ငါချစ်သောသူ
တစ်ယောက်က နင်သာဖြစ်တယ်လို့ ငါအမြဲပြောနေအုံးမှာဘဲ....!!!

Wednesday, April 17, 2013

Even i häve thöusands of reäs0n to b
sad,
Thousands of reasön to b frown,
Million of reasön to b cry,
U r the önly reasön i need to smile..
♥♥
 
ငါ နင့်ကို သူများတွေလို ခမ်းမ ကြီးကြီးမှာ မင်္ဂလာဆောင်ချင်မှ ဆောင်ပေးနိုင်မှာပါ။စိတ်မပူပါနဲ
့နော် ။မနက်စောစောမှာ ဘုန်းကြီးဆွမ်းကပ်ပြီးတော့  မျက်မမြင်ကျောင်းမှာဖြစ်ဖြစ် ငါတို့  နေ့လည်စာသွားလှူတာလောက်တော့  ငါ လုပ်ပေးနိုင်မှာပါ။နင်မငြိုငြင်ဖို့ တော့ လိုတာပေါ့။

မနက်ဆို နင်စောစောမထပါနဲ့ ။နင်ငါ့ကိုပေးထားတဲ့ တဘ၀စာအတွက် ငါနင့်ကို တသက်လုံးတော့ စောက်ရှောက်သင့်တယ်မဟုတ်လား။နင်ကော်ဖီကြိုက်လည်း ကော်ဖီပေါ့။တကယ်လို့  နင် လက်ဖက်ရည်သောက်ချင်ရင် လည်း အချိုခြောက်ကို ငါကိုယ်တိုင်နှပ်ပြီး နို့ ဆီလေးနဲ့  သေချာဖျော်ပေးမယ်နော်။နင်မုန့်ဟင်းခါးစားချင်လည်း ဖြစ်တယ်။ထမင်းပူပူလေးပေါ်မှာ စတော်ပဲလေးနဲ့ ဖြူးပြီးစားချင်လည်း လုပ်ပေးမယ်။ပေါင်မုန့်ကြော်ဥကြော်ဆိုလည်း ငါ အတွက် မခက်ခဲပါဘူးနော်။

ရုံးသွားဖို့ ပြင်ပြီးပြီး။မနက်စာလည်းနင့်အတွက်ပြင်ပြီးတဲ့ အချိန်မှ နင့်ကို ငါ အနမ်းတချက်လေးနဲ့ နိုးမယ်။မဟုတ်ရင်နင်အိပ်ရေးပျက်သွားနိုင်တယ်လေ။ဂရုစိုက်ပါချစ်သူရယ်။ရေချိုးခန်းထဲမှာ သွားတိုက်တံ အဆင့်သင့်လုပ်ပေးထားတယ်။ဒါပေမဲ့  မြန်မြန်ထမှဖြစ်မယ်နော်။မဟုတ်ရင် နံနက်စာတွေ အေးသွားနိုင်တယ်လေ။

ထမင်းစားပြီးရင်တော့  နင်လုပ်ရမဲ့ တနေ့တာအလုပ်တွေကို ငါ စာရင်းလေးရေးပြီးနံရံမှာကပ်ထားတယ်။စားသောက်ပြီးရင်တော့  နင် ဆေးသောက်ဖို့ လိုမယ်။နင်မျက်လုံးတွေက ကိုက်တက်တယ်မဟုတ်လား။ဖြစ်ပြီးမှလုပ်တာထက် နင်ဆေးပုံမှန်သောက်ဖို့ တော့ လိုမယ်လေ။ပြီးရင်တော့  ငါ ချက်ပြီးသားနေ့လည်စာလေးကိုခူးပြီးနင် ဆွမ်းတော်ကပ်နော်။ပြီးရင် နင်ကြည့်ဖို့  ရုပ်ရှင် ကား တခွေ မနေ့ က ငါငှားလာခဲ့ တယ်။တကယ်လို့ မျက်လုံးညောင်းလို့  နင်ဆက်မကြည့်နိုင်တော့ ရင် အိပ်ယာဘေးမှာ အကြည်တော်ရဲ့  ၀တ္ထု တအုပ်ထားပေးထားတယ်။နင်တစ်ယောက်တည်းအိမ်မှာကျန်နေတဲ့ အခါ ပျင်းနေမှာငါစိုးတယ်လေ။တကယ်လို့  စာအုပ်ဖတ်ရင်းနင်အိပ်ပျော်သွားလည်း အိပ်ယာဘေးမှာဆိုတော့ အဆင်သင့်မဟုတ်လား။

နေ့လည် ငါ ရုံးကပြန်လာတဲ့ အခါ နင်အတွက် ထမင်းဝိုင်းလေးပြင်လိုက်မယ်။ပြီးမှငါနိုးမယ်လေ။
နင်လက်နဲ့ စားမှာလား။ဇွန်းနဲ့ စားမှာ လား။ဒါပေမဲ့  သိပ်ရှည်ရှည်ဝေးဝေးမစဉ်းစားပါနဲ့ ။ဘေးနားမှာလက်ဆေးဇလုံလေးချပေးထားတယ်။လက်သုပ်ပုဝါပေါ်မှာလည်း ဇွန်းခရင်းတစုံချပေးထားတယ်။နင့်အကြိုက် စားပေါ့နော်။
နင့်အကြိုက် ဟင်းလေးတွေငါချက်ပေးမယ်။နင်စားချင်တဲ့  အစားအစာကိုသာပြောနော်။မဟုတ်လည်း မနက်ငါဈေးသွားတဲ့ အချိန်မှာပေါ့။ထမင်းစားပြီးရင်တော့  နင် အသီးစားဖို့ လိုမယ်နော်ချစ်သူ။မဟုတ်ရင် ၀သွားလိမ့် မယ်။အော် ပြောရင်းနဲ့  ၀လည်း ငါချစ်မှာပါချစ်သူရယ်...။



ညနေ ငါရုံးပြန်သွားတုန်းတော့  ခြံထဲမှာလမ်းဆင်းလျှောက်ချင်လျှောက်ပေါ့။မဟုတ်လည်း ဇတ်လမ်းပြန်ကြည့်နေနော်။နင့်ကို ငါထားပြီးအလုပ်ကို သာသွားရတယ် သိပ်စိတ်ချလို့ ရယ်တော့ မဟုတ်ဘူး။နင့်ဘေးနားက လိုအပ်ချက်တွေကို ငါတခုခြင်းစီလိုက်ဖြည့်ဆည်းချင်မိတာပါ။

ညနေရုံးဆင်းရင်တော့  နင်ဘုရားသွားချင်လည်း ပြောပေါ့။ငါလိုက်ပို့ ပေးမယ်လေ။တခါတလေ မိဘအိမ်ပြန်ချင်ရင်တော့ ငါ ခွင့်ရတာကိုစောင့်ပေးနော်။နင်လည်းနင်မိဘအိမ်လွမ်းနေမှာငါသိပါတယ်။ခွင့်ရရင်တော့  မိဘတွေဆီ အလည်ပြန်ပြီးကန့် တော့ ကျတာပေါ့။

၂ နှစ်လောက်နေပြီးရင်တော့  ငါ့တို့ ရဲ့ခြေက်သွေ့နေတဲ့ အိမ်လေးကို သားလေးတွေ ၊သမီးလေးတွေ နဲ့  ဆည်းလည်းသံလေးတွေဖြည့်လိုက်ကျရအောင်နော်။ဟိုနေ့က အိမ်ကိုဖုန်းဆက်တော့ တောင်မြေးဘယ်တော့ ချီရမှာလဲ မေးနေပြီ။

ငါတို့ ရဲ့ Anniversary Day တွေရောက်လာရင် အဆင်ပြေရင် ဆိုင်လေးမှာ ငါ လုပ်ပေးပါ့မယ်။ပိုအဆင်ပြေလို့ အခွင့်သာရင်တော့  မိသားစုလိုက်လေး ဘုရားဖူးဖြစ်ဖြစ် အလည်သွားကျတာပေါ့။မဟုတ်လည်း ငါနင့်ကိုချစ်တယ် တသက်လုံးချစ်မယ်ဆိုတဲ့ စကားပြောပြီးတော့  အနမ်းတချက်တော့  ငါ ပုံမှန်ပေးဖြစ်ဦးမှာပါ။

လစာထုတ်တိုင်း ငါ လစာအပြည့်အပ်ပါ့မယ်။ရုံးသွားတိုင်းတော့ ဆီအပြည့်ဖြည့်ပေးဖို့ နင်မမေ့ရဘူးနော်။

ကဲကြည့်ဦး
စာဖတ်နေရင်းနဲ့  အင်းပါလို့ ပြောနေပြီဟုတ်....။

ဒီလိုပါပဲ အဆင်မပြေရင်တောင် ဖြည့်တွေးပြီး ပျော်နေရတာတစ်ခုနဲ့ တင်
ပြသနာကိုရင်ဆိုင်ဖို့ ကြိုးစားနေရတယ်မဟုတ်လား...။

အချစ်တစ်ခုပျော်ရွှင်ဖို့ ဆိုတာ
ကိုယ်တိုင်ဖန်တီးဖို့  ပဲလိုပါတယ်...
ကြိုးစားချင်စိတ်မရှိပဲနဲ့ တော့ 
လမ်းတွေ့ရင်တောင် အချစ်ကို မနှုတ်ဆက်မိစေနဲ့ ...
မဟုတ်ရင် အလွမ်းတွေနဲ့ ပြည့်နေတက်တယ်လေ..
 
အကွာဝေးဆိုတာကြောက်ဖို့
မကောင်းပါဘူး ချစ်သူ...

ငါတို့နှစ်ယောက်အတူပေါင်းစပ်
ထားတဲ့နှစ်လုံးသားလေးတခု
ဝေးသထက်ဝေးသွားမှာကိုငါ
ကြောက်တာပါ...

မင်းကိုငါချစ်ခဲ့တာရေပြင်မှာ
အရုပ်ရေးတဲ့အချစ်မျိုးမဟုတ်
ပါဘူး...

ငါ့ရဲ့နှလုံးသားထဲမှာသံ
လက်နက်တွေနဲ့ထွင်းထုထားတဲ့
အချစ်မျိုးပါ ချစ်သူ...

အခုချိန်မှာသူများချစ်သူတွေလို
အတူတူမရှိသေးပေမဲ့တနေ့နေ့
ကျရင်ငါတို့နှစ်ယောက်ဘဝဆို
တဲ့ခရီးတခုကိုတယောက်လက်
တယောက်တွဲကာဖြတ်သန်းသွား
ရမယ်ဆိုတာ ချစ်သူ...
ယုံကြည်နေပေးပါ.