နင် ငါ့ကို မေးတယ်လေ ဘယ်လောက်ချစ်လဲလို့ 
နင်မေးတဲ့ အချိန်တိုင်း ငါဖြေလိုက်တယ် အရမ်းချစ်တယ်ဆိုတဲ့
စကားလုံးထက် ငါ့အချစ်ကိုဖော်ပြလို့ ရတဲ့စကာလုံးသာရှိခဲ့မယ်ဆိုရင်
အဲ့လောက်ချစ်တယ်လို့ လေ.........
နင် ငါ့ကိုမေးတယ်လေ ဘာကြောင့်ချစ်တာလဲလို့ 
နင်မေးတဲ့ အချိန်တိုင်းဖြေခဲ့ဖူးတယ် ငါ့အတွက် နင်ဆိုတာ
ဘာအကြောင်းပြချက်မှ ပြောပြစရာမလိုအပ်ပဲ အကြောင်းပြချက်မရှိ ချစ်တာလို့ လေ........
နင် ငါ့ကိုမေးတယ်လေ ဘယ်အချိန်ထိ ချစ်မှာလဲလို့ 
နင်မေးတဲ့ အချိန်တိုင်း ငါဖြေခဲ့တယ် ငါဆိုတာရှိနေသေးသရွေ့ချစ်
အုံးနေမယ်...နောက်ဘ၀မှာ ဆုံစည်းခွင့်တွေရခဲ့မယ်ဆိုရင်လဲ နင့်ကို
ခုလိုပဲ ချစ်နေချင်သေးပါတယ်လို့ လေ.........
နင်တစ်ယောက်ထဲသာ ငါ့ အတွက်အလိုအပ်ဆုံးနဲ့  ငါ့ဘ၀ကို
ပျော်ရွှင်အောင်ဖန်တီးပေးနိုင်တဲ့သူပါ......ငါ့ အချစ်တွေက အမြဲတမ်း
နင့်တစ်ယောက်အတွက်ပဲ ထာဝရရှိနေမယ်ဆိုတာ ယုံကြည်ပေးပါနော်ချစ်သူ.........

No comments:
Post a Comment