Miss you

^_^

Saturday, June 22, 2013

အနေဝေးရင်သွေးအေးသွားတတ်တယ်တဲ့
အနေဝေးလဲသွေးအေးမသွားဖို့  နင့်နှလုံးသားရဲ့ အနီးဆုံး
နေရာမှာ ငါ ရှိနေပါရစေ...........ချစ်သူ


အနေဝေးရင် အချစ်တွေက ပြောင်းလဲသွားတတ်တယ်တဲ့
အနေဝေးလဲ အချစ်တွေပြောင်းလဲမသွားနိုင်ဖို့ ငါ့ရဲ့ အချစ်တွေကို
တန်ဖိုးထားပီး သစ္စာရှိရှိချစ်နေပေးပါနော်........ချစ်သူ


တစ်ယောက်အချစ်ကိုတစ်ယောက်ယုံကြည်နေမယ်ဆိုရင်
အနေနီးခြင်း..ဝေးခြင်းက မသက်ဆိုင်တော့ပါဘူး..ငါလဲ နင့်အချစ်ကို
ယုံသလို နင်လဲ ငါ့အချစ်ကို ယုံကြည်ပေးနေမယ်ဆိုရင် အနေဝေးတိုင်း
ငါတို့ အချစ်တွေ ကွာဝေး မသွားပါဘူး...........ချစ်သူရယ်

Wednesday, June 19, 2013

အချိန်တွေကြာလဲ ပြောင်းလဲမသွားနိုင်တဲ့
အချစ်စစ်တွေနဲ့  အမြဲတမ်း ချစ်နေချင်တယ် ချစ်သူ

အခက်အခဲတွေရှိနေလဲ အပြန်အလှန်အားပေးရင်း
နားလည်မှုလေးတွေနဲ့ အတူတူကျော်ဖြတ်သွားချင်တယ် ချစ်သူ

စိတ်ဆိုး...စိတ်ကောက်တဲ့အချိန်တွေရှိလဲ နာကျင်မှုတစ်ခုလို
ပြောင်းလဲမသွားအောင် မာနဆိုတာကိုမေ့ထားလိုက်ကျမယ် ချစ်သူ

တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့ အတ္တဆိုတဲ့စိတ်တွေ
မရှိအောင် ငါတို့ အချစ်ကိုအပြန်အလှန်တန်ဖိုးထားကျမယ် ချစ်သူ......

အဆိုးအကောင်းအားလုံးကို အတူတူ ရင်ဆိုင်ကျော်ဖြတ်သွား
နိုင်တဲ့ ဘ၀ရဲ့ လက်တွဲဖော်ကောင်းတစ်ယောက်အဖြစ်လဲနင့်ရဲ့ အနားမှာ
အမြဲထာဝရ ရှိနေချင်ပါတယ်..........ချစ်သူရယ်


ချစ်သူ....
တယောက်နဲ့တယောက်ဝေးနေကြတဲ့အချိန်မှာ
လွမ်းမောခြင်းတွေ ပြည့်ကျပ်နေတဲ့ငါ့နှလုံးသား
ကို နင်ကိုမြင်အောင်ပြချင်လိုက်တာ...

တမ်းတနေတဲ့ငါ့ရဲ့စိတ် နင့်ကိုလွမ်းလို့ခဏခဏ
ကျတက်တဲ့ ငါ့မျက်ရည်...တိုးတိတ်စွာ ကြေကွဲခဲ့ရတဲ့အချိန်
အိပ်မပျော်လို့ မင်းအကြောင်းစဉ်းစားခဲ့ရတဲ့ ညပေါင်း
အရာတိုင်းဟာ ငါ့အတွက်ကဗျာမဆန်ဘူး ချစ်သူ...

ချစ်လျှက်နဲ့ခွဲနေကြရတဲ့..ကံကြမ္မာကိုလဲ အပြစ်
မဆိုချင်တော့ပါဘူး ချစ်သူ...

အခုငါရပ်တည်နေတဲ့နေရာမှာ ငါ့အတွက်အဆင်ပြေတယ်
ဆိုပေမဲ့ နင်မရှိလို့ငါမပျော်ဘူး ချစ်သူ...

ဖြစ်နိုင်မယ်ဆိုရင် အချိန်ဆိုတာကြီးကိုယ် လာဒ်ထိုး
ထားချင်မိတယ်...အချစ်မရှိတဲ့အရပ်မှာ ခါးသီးဆုံးသော
နေ့ရက်တွေကိုယ်ရှေ့ဆက်လျှောက်နိုင်ဖို့ နင့်ရဲ့
အပြုံးတွေအများကြီး လိုအပ်တယ် ချစ်သူ...

တယောက်နဲ့တယောက်အမြဲတွေ့မြင်နေရမှ အချစ်က
ခိုင်မြဲတယ်ဆိုပေမဲ့ အနေဝေးပြီး သစ္စာဆိုတဲ့ကြိုးလေးကို
ငါတို့နှစ်ယောက် တင်းတင်းလေးဆုပ်ပြီး ပြန်ဆုံကြတဲ့တနေ့ဟာ
ငါတို့ရဲ့အချစ်တွေ ပိုပြီးခိုင်မြဲမယ်လို့ ငါယူဆတယ် ချစ်သူ...

ငါ့အပေါ်မှာထားတဲ့ နင့်ရဲ့အချစ်တွေကို ငါယုံကြည်သလို
နင့်အပေါ်မှာထားတဲ့ ငါ့ရဲ့အချစ်တွေကိုလဲတန်းဖိုးထားမယ်
လို့ ငါယုံကြည်ပါတယ် ချစ်သူ...

မင်းနဲ့မဆုံသမျှကတော့ ငါအလွမ်းခါးခါးကြီးတွေကိုကြိတ်မှိတ်ပြီး
ခဏခဏ မျိုချလိုက်ပါအုံးမယ် ချစ်သူ...


Tuesday, June 4, 2013

ငါတို့တွေ့ရဖို့ တရက်ထက်တရက် နီးလာလေ
ငါရင်ခုန်သံတွေ ပိုမြန်လာလေဘဲ ချစ်သူ

ငါတို့ လွမ်းလို့ အရင်က စိတ်ညစ်ခဲ့ရတာနဲ့ နေ့တွေ
အဆုံသတ်ဖို့ အချိန်တွေက တနေ့ထက် တနေ့ပိုပို နီးလာပြီ ချစ်သူ

ငါလေ အခုဆို နင်က အလှအပကြိုက်မှန်းသိတော့
ငါလေ အရင်ထက် သပ်သပ်ရပ်ရပ်လေး ပိုနေတတ်နေပြီ

ငါလေ အခုအရင်က ငါမကြိုက်တဲ့ သီချင်းဖြစ်ဖြစ့် ၊ရုပ်ရှင်ကားဖြစ်ဖြစ် နင်ကြိုက်တာတွေဆို ငါစိတ်ရှည်လက်ရှည် နားထောင်ကြည့်ဖြစ်နေမိတယ်

ငါလေ နင်နဲ့တွေ့ရင် ဘယ်လိုပျော်စရာစကားတွေပြောမယ် .......
နင်ကို စနောက်မယ် ဆိုတဲ့ စိတ်ကူးလေးတွေလဲ ယဉ်နေမိတယ် ချစ်သူ

ငါအချစ်နဲ့သစွာတရားသာမှန်ခဲ့ရင် နင်ကို
ငါ့ဘ၀အတွက် တသက်တာ ပိုင်ဆိုင်ခွင့်လေးရပါစေ ♥ ♥ ♥ ♥

ချစ်သူရယ်......တစ်ယောက်နဲ့ တစ်ယောက်
အနေဝေးနေရတော့ ငါ့ ကို ချစ်တဲ့ နင့်အချစ်တွေ ပြောင်းလဲ
သွားမလား ငါ အချိန်တိုင်းကြောက်နေမိတယ်...ချစ်သူ

ချစ်သူရယ်....နင့်ကို အရမ်းချစ်လာတော့ ဘယ်သူနဲ့ မှ
စိတ်မချတဲ့ သ၀န်တိုစိတ်တွေလဲ ငါ့မှာ တဖြည်းဖြည်းနဲ့ 
ပို ပိုတိုးလာတယ်.......ချစ်သူ

ချစ်သူရယ်..... နင့်ကို ငါ့ရဲ့ ဘ၀တစ်ခုလုံးနဲ့ ရည်ရွှယ်ပီး
ချစ်နေမိသလို နင်လဲ ငါ့အချစ်တွေနဲ့ ထပ်တူကျနိုင်ပါစေလို့ 
အချိန်တိုင်း ဆုတောင်းနေမိတယ်...ချစ်သူ

ချစ်သူရယ်.....အနေဝေးသွား သွေးအေးသွားတယ်ဆိုတဲ့
အကြောင်းပြချက်တွေကြားထဲက ငါ့နှလုံးသားလေးအနားမှာ နင်
တစ်ယောက်ထဲပဲ အချိန်တိုင်းရှိသလို နင့်နှလုံးသားလေးရဲ့ အနီးဆုံး
တစ်နေရာမှာလဲငါ တစ်ယောက်ထဲရှိနေပါရစေနော် ချစ်သူ..........
( အရမ်း.......ချစ်တယ်...... )
 
ချစ်သူရယ်......တစ်ယောက်နဲ့ တစ်ယောက်
အနေဝေးနေရတော့ ငါ့ ကို ချစ်တဲ့ နင့်အချစ်တွေ ပြောင်းလဲ
သွားမလား ငါ အချိန်တိုင်းကြောက်နေမိတယ်...ချစ်သူ

ချစ်သူရယ်....နင့်ကို အရမ်းချစ်လာတော့ ဘယ်သူနဲ့ မှ
စိတ်မချတဲ့ သ၀န်တိုစိတ်တွေလဲ ငါ့မှာ တဖြည်းဖြည်းနဲ့ 
ပို ပိုတိုးလာတယ်.......ချစ်သူ

ချစ်သူရယ်..... နင့်ကို ငါ့ရဲ့ ဘ၀တစ်ခုလုံးနဲ့ ရည်ရွှယ်ပီး
ချစ်နေမိသလို နင်လဲ ငါ့အချစ်တွေနဲ့ ထပ်တူကျနိုင်ပါစေလို့ 
အချိန်တိုင်း ဆုတောင်းနေမိတယ်...ချစ်သူ

ချစ်သူရယ်.....အနေဝေးသွား သွေးအေးသွားတယ်ဆိုတဲ့
အကြောင်းပြချက်တွေကြားထဲက ငါ့နှလုံးသားလေးအနားမှာ နင်
တစ်ယောက်ထဲပဲ အချိန်တိုင်းရှိသလို နင့်နှလုံးသားလေးရဲ့ အနီးဆုံး
တစ်နေရာမှာလဲငါ တစ်ယောက်ထဲရှိနေပါရစေနော် ချစ်သူ..........
( အရမ်း.......ချစ်တယ်...... )  Credit by Poem's


Saturday, June 1, 2013

လူတယောက်ကို တကယ်ချစ်မိသွားရင်
______________________________

ပိုင်ဆိုင်ချင်စိတ်တွေ များလာတတ်ပါတယ်...

သ၀န်တိုမှုလေးတွေ များလာတတ်ပါတယ်...

သူကိုယ့်အနားကနေ ထွက်ခွါသွားမှာအရမ်းကြောက်
နေမိတတ်ပါတယ်...

သူနဲ့အဆင်မပြေဖြစ်တိုင်းအရင်ခေါင်းငိုက်စိုက်ဖြစ်နေ
တတ်ပါတယ်...

စိတ်ကောက်ပြီဆိုရင်လဲ တယောက်တည်းကမ္ဘာပျက်
မတတ်ခံစားနေရတတ်ပါတယ်...

သူ့ရဲ့အနားမှာအချိန်တိုင်းကလေးလေးတယောက်လို
နေနေချင်မိတယ်...

သူတယောက်တည်းကို သစ္စာရှိနေတတ်တယ်...

သူမကြိုက်တဲ့ ကိစ္စတတ်နိုင်သလောက်ရှောင်နေတတ်
ပါတယ်...

ကိုယ့်ရဲ့အချိန်တွေအားလုံးမဟုတ်ရင်တောင်မှအားတဲ့
အချိန်သူနဲ့ပဲ ကုန်ဆုံးချင်တယ်...