တိုက်ဆိုင်မှု ရှိရှိ မရှိရှိ သူကို
သတိရနေတတ်တယ်....!!!
ဘ၀ဆိုတာကို ရိုးရိုးရှင်းရှင်းလေး
စိတ်ကူးယဉ်ခဲ့ပေမယ့် အဲဒီဘ၀လေးမှာ
သူပါဝင်ဖို့ ဆုတောင်းနေမိတယ် ....!!!
အိမ်မက်တွေ မက်တိုင်း
အိမ်မက်မှန်းသိရက်နဲ့ တကယ်လက်တွေ့
သူပါဝင်မယ့် အနာဂတ်ကို
မျှော်လင့်နေတုန်းဘဲ....!!!
ဖြတ်သန်းခဲ့တဲ့ အတိတ်မှာ
သူပါဝင်သလို အနာဂတ်မှာလဲ
သူအနားရှိနေခွင့်ရချင်မိတယ်....!!!
ဖြစ်တတ် ပျက်တတ်တယ် လောကကြီးမှာ
ဘယ်အရာမှ ပုံသေတွက်ထားလို့မရဘူးဆိုပေမယ့်
နင်အပြင်နောက်ထပ် မရှိနိုင်တော့တဲ့ ငါချစ်သောသူ
တစ်ယောက်က နင်သာဖြစ်တယ်လို့ ငါအမြဲပြောနေအုံးမှာဘဲ....!!!

No comments:
Post a Comment