Miss you

^_^

Wednesday, August 14, 2013

ချစ်သူသို့

နှစ်ယောက်တွဲလျောက်ဖူးတဲ့လမ်း
တစ်ယောက်တည်းမလျောက်တတ်တော့
နင်ပြန်ခဲ့ပါတော့ ငါ့ရင်ခွင်ဆီ
ဟိုး ပစ္စုပန်နဲ့နောင်အနာဂါတ်အတွက်
တွဲလက်တွေမြဲမြံစေဖို့ ရှေ့ခရီးဆက်မယ်
တောတောင်ရေမြေခြားလည်း
ချစ်နေရင်းဆတိုးချစ်တယ်
လွင့်ပြယ်သွားတဲ့အနမ်းတွေကို
ဖမ်းဆုပ်ကြမယ် (တကယ်)
ချစ်နေရင်းလွမ်းနေဆဲမို့
ပျံသန်းသွားတဲ့ငှက်ကလေးဆီ
ချစ်သ၀န်လွှာပါးလိုက်ပါရစေ
အလွမ်းမျက်ရည်တွေကိုသုတ်ပေးဖို့
ပြန်လာခဲ့ပါချစ်သူရယ်


(အဝေးကြီးမှာ ခွဲနေရတဲ့ ကျွန်တော့်ချစ်သူလေးက ကျွန်တော့်ကို ရေးပေးထားတဲ့ ကဗျာလေးပါဗျာ..)

No comments:

Post a Comment