Miss you

^_^

Saturday, February 23, 2013

င့ါရဲ့ အဝေးမှာနေ နေရတဲ့ နင် တစ်ခါတစ်ရံများ
တစ်ခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ခိုနားနေမလား
တွေးရင်းငါစိတ်ပူနေတတ်တယ် ဒါပေမဲ့ နင်လဲငါ့ကို
အရမ်းချစ်တာပဲလေဆိုတဲ့ အတွေး နဲ့ ကိုယ့်ကိုကိုယ်
ပြန်ဖြေတွေးလိုက်မိတယ်........


ငါ့ရဲ့ အဝေးမှာ ရှိနေခဲ့တဲ့နင် တစ်ချိန် ချိန်များ ငါ့ကို
ထားခဲ့မလားဆိုတဲ့ အတွေးတွေဝင်လာတိုင်းငါအရမ်းဝမ်းနည်း
နေတတ်တယ်ဒါပေမဲ့ နင်လဲငါ့ကိုတစ်ဘ၀လုံးအတွက် ရည်ရွယ်ပြီး
ချစ်နေပေးခဲ့တာလို့ ငါယုံကြည်ပြီး ကိုယ့်ကိုကိုယ် ပြန်ပြီး
အားပေးနေမိလိုက်တယ်...........

တကယ်ဆိုအဝေးမှာရှိနေခဲ့တဲ့နင့်ကို ငါ့အနားမှာ အမြဲတမ်း
ရှိနေစေချင်ပေမဲ့ တို့ နှစ်ယောက်ဘ၀က ဖြစ်မှမဖြစ်နိုင်သေးတာ
ကိုလဲနားလည်နေတဲ့ငါ့အတွက်တော့ အဝေးက နင်တစ်ယောက်
ငါ့ဆီကို အပြေးလေးပြန်လာပြီး ငါ့ရင်ခွင်ထဲမှာ တစ်သက်လုံး
ခိုနားရင်းထာဝရလက်တွဲသွားမဲ့ ငါတို့ ရဲ့ အနာဂတ်နေ့ ရက်လေး
ကိုပဲမျှော်လင့်ရင်း စောင့်နေပါတယ် ချစ်သူရယ်................

No comments:

Post a Comment