Miss you

^_^

Sunday, February 24, 2013

တစ်ခါတရံမှာ နင် ငါ့အပေါ်ဆိုးနေတယ်ဆိုတာ
သိပေမဲ့ နင့်ကိုအရမ်းချစ်နေတတ်တဲ့ စိတ်နဲ့ အားလုံးကို
ငါ နားလည်ပေးလိုက်မိတယ်............


တစ်ခါတရံမှာ နင် ငါ့ကို ဂရုမစိုက်ပဲထားလိုက်တဲ့
အချိန်ဆို အရမ်းဝမ်းနည်းနေခဲ့ပေမဲ့ တစ်ခါတရံဆိုတဲ့
အတွေးလေးနဲ့ ငါ နင့် ကို ခွင့်လွှတ်ပေးလိုက်မိတယ်......


တစ်ခါတရံမှာ နင်ငါချစ်သလောက်မချစ်ဘူးလို့ 
ခံစားလာမိတဲ့အချိန်တိုင်း ငါ မျက်ရည်ကျနေခဲ့မိပေမဲ့
နင်ပျော်နေရင်ပြီးတာပဲလေဆိုတဲ့ ခံစားချက်နဲ့ 
ငါပေးဆပ်နေလိုက်မိတယ်...............

နင်နဲ့ ပါတ်သက်ရင် အရာအားလုံးကို ကျေနပ်စွာ
ခံယူနေမိတတ်တဲ့ငါ ....နင့်အချစ်ကို ငါတစ်ယောက်ထဲ
ပိုင်ဆိုင်ရဖို့ အတွက်တော့ ငါ အတ္တကြီးနေမိတယ် ......


နင်ပိုင်ဆိုင်တဲ့ အချစ်တွေအားလုံးကိုတော့ ငါတစ်ယောက်တည်း
အတွက်ပဲ အမြဲတမ်းရှိနေပေးပါ ချစ်သူရယ်......

No comments:

Post a Comment