Miss you

^_^

Tuesday, June 4, 2013

ငါတို့တွေ့ရဖို့ တရက်ထက်တရက် နီးလာလေ
ငါရင်ခုန်သံတွေ ပိုမြန်လာလေဘဲ ချစ်သူ

ငါတို့ လွမ်းလို့ အရင်က စိတ်ညစ်ခဲ့ရတာနဲ့ နေ့တွေ
အဆုံသတ်ဖို့ အချိန်တွေက တနေ့ထက် တနေ့ပိုပို နီးလာပြီ ချစ်သူ

ငါလေ အခုဆို နင်က အလှအပကြိုက်မှန်းသိတော့
ငါလေ အရင်ထက် သပ်သပ်ရပ်ရပ်လေး ပိုနေတတ်နေပြီ

ငါလေ အခုအရင်က ငါမကြိုက်တဲ့ သီချင်းဖြစ်ဖြစ့် ၊ရုပ်ရှင်ကားဖြစ်ဖြစ် နင်ကြိုက်တာတွေဆို ငါစိတ်ရှည်လက်ရှည် နားထောင်ကြည့်ဖြစ်နေမိတယ်

ငါလေ နင်နဲ့တွေ့ရင် ဘယ်လိုပျော်စရာစကားတွေပြောမယ် .......
နင်ကို စနောက်မယ် ဆိုတဲ့ စိတ်ကူးလေးတွေလဲ ယဉ်နေမိတယ် ချစ်သူ

ငါအချစ်နဲ့သစွာတရားသာမှန်ခဲ့ရင် နင်ကို
ငါ့ဘ၀အတွက် တသက်တာ ပိုင်ဆိုင်ခွင့်လေးရပါစေ ♥ ♥ ♥ ♥

No comments:

Post a Comment